/* The CSS Code for the menu starts here s2free.blogspot.com */

วันอาทิตย์ที่ 8 กุมภาพันธ์ พ.ศ. 2558

Pc အတွက်​ Viber ကို zawgyi ​ဖောင့်​နဲ့​ရေးမယ်​ ဖတ်​မယ်

PC အတွက် Viber မှာ zawgyi font နဲ့ ရေးမယ် ဖတ်မယ်..( Window-7 & 8 )
ဘလော့ခရီးသည် / 11 hours ago

PC အတွက် Viber မှာ zawgyi font နဲ့ ရေးလို့ ဖတ်လို့ မရတဲ့ သူငယ်ချင်းတွေအတွက်ပါ..
သိပြီးသူများတော့ ကျော်သွားပေါ့ဗျာ..
PC အတွက် Viber ကို ဒီမှာ ယူပါ..
ပြီးရင် ပုံမှန်အတိုင်း install လုပ်ပါ..
install လုပ်ပြီးလို့ Viber ကိုဖွင့်လိုက်ရင် ဖုန်းနံပါတ်တောင်းပါလိမ့်မယ်..
နိုင်ငံ ရွေးပြီး မိမိ ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်ပါ..
code ထည့်ဖို့ ပေါ်ပါလိမ့် မယ်.. အခုန ပေးလိုက်တဲ့ ဖုန်းထဲကို
၂ မိနစ် အတွင်းမှာ Viber က Your Viber code is ဆိုပြီး message ပြန်ပို့ပါလိမ့်မယ်..
အဲဒီ code ကို ကွန်ပျူတာ မှာ ထည့်ပေးလိုက်ရင်..
ကွန်ပျူတာနဲ့ Viber သုံးလို့ ရသွားပါပြီ..

ဒါပေမယ့် Viber message မှာ မြန်မာစာ မမြင်ရတာ ဖတ်လို့မရ ရေးလို့မရတာ
အတုံးတုံးလေးတွေပေါ် နေတာတွေ ရှိတတ်ပါတယ်..
အဲဒီအတွက် ဒီ arialzawgyi ကို အရင်ဒေါင်းပြီး
double click ပေးလိုက်လို့ ကျလာတဲ့ အထဲက အပေါ်ဒေါင့်စွန်းက install ကိုနှိပ်လိုက်ပါ..
ဘာပဲမေးမေး ok ပဲရွေးလိုက်ပါ..
နောက်တဆင့် ဒေါင်းလို့ရထားတဲ့ arialzawgyi ကို Right click ပေးပြီး copy ကူးပြီး
control panel ထဲက fonts ထဲကို သွားပြီး  paste လုပ်ပေးလိုက်ပါ...
ဘာမေးမေး ok ပဲလုပ်လိုက်ပါ..

နောက်တဆင့်ကတော့ Windows 7 ဆိုရင် Desktop (right click) Properties --> Personalization --> Window Color --> Advance Setting ထဲက Item ကနေ message box ကိုရွေးပြီး အောက်က font မှာ arial ကိုရွေးပြီး Apply > ok..လုပ်လိုက်ရင် windows 7 အတွက် Viber မှာ မြန်မာစာ ရေးနိုင် ဖတ်နိုင်သွားပါပြီ..

Windows 8 နဲ့ 8.1 အတွက်ကတော့ ဒီ Windows 8 Font Changer ကို ဒေါင်းယူလိုက်ပါ..
ဒေါင်းလို့ရတဲ့ အထဲက Windows 8 Font Changer.exe ကို ဖွင့်ပြီး 

ပုံမှာ ပြထားတဲ့ အတိုင်း message font မှာ Arial ကိုရွေးပြီး Apply လုပ်ပေးပြီး
windows log off လုပ်ပေးလိုက်ရင်  windows 8 နဲ့ 8.1 အတွက် Viber မှာ မြန်မာလို ရေးနိုင် ဖတ်နိုင်ပါပြီ..

တခုရှိတာက Mozilla သုံးရင် မြန်မာလိုရေးထားတဲ့ ခေါင်းစဉ်တွေကို 
ဖတ်လို့ မရတဲ့ ပြသနာ ရှိတတ်ပြန်ပါတယ်..
အဲဒီအတွက်ကတော့..

ပုံမှာ ပြထားတဲ့ အဆင့်အတိုင်း လုပ်ပေးယုံပါပဲ..
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..။
Creadit > ဘ​လော့ခရီးသည်


Posted via Blogaway

ไม่มีความคิดเห็น: