/* The CSS Code for the menu starts here s2free.blogspot.com */

วันศุกร์ที่ 13 กุมภาพันธ์ พ.ศ. 2558

Unfortunately , Gallery has stopped ​ဖြေရှင်းနည်း

Unfortunately, Gallery has stopped ဆိုတဲ့ပြဿနာဖြေရှင်းနည်း

Android ဖုန်းတွေမှာ Unfortunately,
Gallery has stopped ဆိုတဲ့ error တတ်
ပြီး ကင်မရာပါရိုက်လို့ မရတော့တဲ့ပြဿနာ
ဖြေရှင်းနည်းလေးကိုပြန်လည်ဝေမျှပေးပါရ
စေ။
တော်တော်များများကတော့သိပြီးသားဖြစ်မှာ
ပါ။မသိသေးသူများနဲ့ လက်တလောမှာဒီလိုပြ
ဿနာတတ်ပြီးဒုက္ခရောက်နေသူများအတွက်
ပြန်လည် ဝေမျှပေးရတာဖြစ်ပါတယ်ဗျာ။

Unfortunately, Gallery has stopped
ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်

၁။File Manager ထဲကိုဝင်ပါ။ sd card ထဲ
မှာဖြစ်ဖြစ် phone storage ထဲမှာဖြစ်ဖြစ်
DCIM ဆိုတဲ့ Folder ထဲက Carema ဆိုတဲ့ Folder ထဲမှာ ကိုယ်ရိုက်ထားတဲ့ပုံတွေရှိပါ
လိမ့်မယ်။အဲဒီပုံတွေကို select all ပေးပြီးcut နဲ့ယူပါ။ပြီးရင် DCIM ဆိုတဲ့ Folder ရဲ့
အပြင်ဖက်က အဆင်ပြေရာနေရာတစ်ခုမှာ
New Folder တစ်ခုဖွဲ့ပြီးနေရာချပေးလိုက်ပါ။
ဒါမှမဟုတ် Camera ဆိုတဲ့ Folder တစ်ခု လုံးကို DCIM ဆိုတဲ့ Folder ရဲ့အပြင်ဖက်က
တစ်နေရာရာကိုရွှေ့ပေးလိုက်လို့လဲရပါတယ်။
DCIM ဆိုတဲ့ Folder ထဲမှာ ဖိုင်အလွတ်တွေ
ရှိနေခဲ့ရင်လည်း delete လုပ်ပေးလိုက်ပါ။

၂။ Setting >> Apps (သို့မဟုတ်) Manage
apps >> ALL ထဲမှာ Gallery ကိုရှာပြီးဝင်
လိုက်ပါ။Clear cache ကိုနှိပ်ပါ၊ပြီးရင် Clear
data ကိုနှိပ်ပေးလိုက်ပါ။

၃။ဖုန်းကို Restart ချပေးလိုက်ပါ။
အဲဒါဆိုရင် အဆင်ပြေသွားပါပြီ။ပြန်တက်လာ
ရင် Unfortunately, Gallery has stopped ဆိုတဲ့ error ကိုတွေရတော့မှာ
မဟုတ်ပဲ Camera ကိုကောင်းမွန်စွာနဲ့ပြန်
လည်အသုံးပြုနိုင်ပြီဖြစ်ပါတယ်ဗျာ။

ရေးသားဝေမျှသူ/ Zaw Myo Htet


Posted via Blogaway

ไม่มีความคิดเห็น: